Connect with us

Politics, Law & Military

မောင်တောခရိုင်၌ တာဝန်ထမ်းဆောင်သော အစိုးရဝန်ထမ်း များအား လစာ နှစ်ဆ ခံစားခွင့်ကို တတိယအကြိမ် ထပ်မံခွင့်ပြု

မောင်တောမြို့အ၀င်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

မောင်တောခရိုင် အတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသည့် အစိုးရ ဝန်ထမ်းများအား လစာ နှစ်ဆ ခံစားခွင့်ကို တတိယအကြိမ် ထပ်မံခံစားခွင့်ပြုထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လစာနှစ်ဆခံစားခွင့်ကို တတိယအကြိမ်အဖြစ် ဧပြီ၊ မေ နှင့် ဇွန်လတို့ အတွက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မောင်တောခရိုင်အတွင်းရှိ နိုင်ငံ ဝန်ထမ်းများအတွက် ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေ အရလစာ နှစ်ဆ ခံစားခွင့်ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ သတ်မှတ်ခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မောင်တော ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသော နေ့စား ဝန်ထမ်းများကိုလည်း တစ်ရက်လျှင် ငါးထောင် ကျပ်နှုန်းမှ ခြောက်ထောင့် ငါးရာကျပ်နှုန်းဖြင့် သုံးလစာ ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ သိရသည်။

မောင်တောခရိုင်အတွင်းရှိ အတွင်းရှိ နိုင်ငံ့ဝန်ထမ်း များအတွက် လစာနှစ်ဆခံစားခွင့်ကို ပထမ အကြိမ်အဖြစ် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတို့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်၂ဝ၁၇ ခုနှစ်၊ ဇန်န ဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင်လည်းကောင်း ခွင့်ပြုပေးခဲ့ပြီး၊ ယခုအခါအ တတိယအကြိမ် အဖြစ် ဧပြ၊ီ မေနှင့် ဇွန်လတို့အတွက် ထပ်မံခံစားခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.