Connect with us

Politics, Law & Military

ဈေးကွက်အတွင်းရှိ ဆေးဝါး ရှစ်မျိုး တရားမဝင်ဆေးဝါးများအဖြစ် စစ်ဆေးတွေ့ရှိ

တရားမဝင်ဆေးဝါးများအဖြစ်တွေ့ရှိသော ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ- ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ရာ ဆေးဝါး ရှစ်မျိုးသည် တရားမဝင်ဆေးဝါးများအဖြစ် စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရားမဝင်ဆေးဝါး ရှစ်မျိုးဖြစ်သော Deca-Insaboline 50, Elestomine Table, Dexamethasone Table, Disprine Effervescent Table, Nifedipine Table, Salbutamol Table,Bupivacaine hydrochloride နှင့် 21st Super-Vita New Tableဆေးဝါးများသည် သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အဆိုပါ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း (လက်လီ/လက္ကား)လုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.