Connect with us

Politics, Law & Military

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ မီးလောင်မှု ဆက်လက်ဖြစ်ပွား

ကျေးရွာများရှိ လူနေအိမ်များ မီးလောင်ကျွမ်းနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ မီးလောင်မှု ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် ဒီလ်ပါရာကျေးရွာ ယခင်မီးလောင်ပြင်၌ ကျန်ရှိနေသော လူမနေသည့် နေအိမ် ၅ လုံးမှာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေ ၄ ကြိမ်ချောင်းတောင်ရွာတွင် ယခင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျန်ရှိသည့် နေအိမ် အလုံး ၂၀မှာ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ထပ်မံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အလားတူ ညပိုင်းတွင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်၊ ကလာဘာရွာ၌ ယခင် မီးလောင် ပြင်ဟောင်းတွင် ကျန်ရှိနေသော လူနေထိုင်ခြင်း မရှိသည့် ဓနိမိုး၊ ထရံကာ နေအိမ် ၁ လုံး မီးလောင်းကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မည်သည့် အတွက်ကြောင့် မီးလောင်ကျွမ်းသည်ကို စုံစမ်းလျက်ရှိကြောင်း၊ မီးလောင်မှုများနှင့် ပတ်သက်ပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ဘူးသီးတောင်မြို့နယ် နယ်မြေ ၁၀ မိချောင်းဈေးကျေးရွာ ဗလီကြီး ခြံဝန်းအတွင်း၌ စက်တင်ဘာ ၂၂ရက်နေ့ နံနက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန် ထိတ်လန့်ကြောက်ရွံ့မှု ဖြစ်စေရန် ရည်ရွယ်၍ ဗလီခြံဝန်း အတွင်း၌ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၁ လုံးလည်း ပေါက်ကွဲခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.