Connect with us

Politics, Law & Military

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်း ၄၅လောင်းထိ ရှာဖွေတွေ့ရှိထားဟု သတင်းထုတ်ပြန်

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်နေ့တို့တွင် တူးဖော်ရရှိမှုအရ ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်း ရရှိထားပြီး ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်၌ မသင်္ကာဖွယ် မြေအနေအထား တွေ့ရှိရပြီး အပုတ်နံ့ ရရှိသဖြင့် စက်တင်ဘာ ၂၄ရက်နေ့က စတင်တူးဖော်ရှာဖွေရာ ရုပ်အလောင်း ၂၈လောင်းရရှိထားပြီး စက်တင်ဘာ ၂၅ ရက်နေ့တွင်လည်း ဆက်လက်ရှာဖွေရာ ရုပ်အလောင်း ၁၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့ကာ စုစုပေါင်း ၄၅လောင်း ရရှိထားကြောင်း သိရသည်။

တူးဖော်တွေ့ရှိသည့် ရုပ်အလောင်းများအား မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်အေး ၊ မြို့နယ် တရားသူကြီး ဦးဇော်ဇော်သန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူး ရဲအောင်တို့ မှ စိစစ်ရာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သော အရာများဖြင့် ထိုးသွင်းထားသော ဒဏ်ရာများကြောင့် လွန်ခဲ့သော ၁ လခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ကို သုံးသပ်ရ ကြောင်းနှင့် ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရာ၊ ဒဏ်ချက်များအား အသေးစိတ် စိစစ်ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ဟိန္ဒူဘာသာဝင်များ၏ ထုံးတမ်းစဉ်လာနှင့်အညီ သြင်္ဂုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.