Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အတွက် အမေရိကန် ဒေါ်လာ ၈သန်း စတင် ထောက်ပံ့ပေးမည်ဟု ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဆို

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Hon. Stephane Dion တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအတွက် ကန်ဒေါ်လာ ၈သန်း စတင် ထောက်ပံံ့ပေးမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအား ပညာရေး ကျန်းမာရေး လူမှုရေး အကူအညီများကို ပေးအပ်ခဲ့ရာ ၂၀၁၁ မှ ယနေ့အထိ ကန်ဒေါ်လာ ၄၄ သန်းဖိုးခန့်ရှိခဲ့ပြီး ယခုနှစ် အစိုးသစ် လက်ထက်တွင်လည်း အမေရိကန် ဒေါ်လာ ရှစ်သန်းဖိုး စတင်ထောက်ပံ့မည် ဖြစ်ကြောင်း ယနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားရေးဝန်ကြီး Hon. Stephane Dion တွေ့ဆုံစဉ် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှ င့်တွေ့ဆုံ၍ ပြီးခဲ့သော နိုဝင်ဘာလတွင်းက မြန်မာနိုင်ငံ၏ သမိုင်းဝင် ရွေးကောက်ပွဲအတွက် ဂုဏ်ပြုပါကြောင်းနှင့် ကနေဒါ ဝန်ကြီးချုပ်နှင့် ကနေဒါ ပြည်သူများထံမှ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် ဆုမွန်ကောင်းများကို ယူဆောင်လာရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း တို့ကို ပြောကြားခဲ့ပါသည်။

အဆိုပါ နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး တွေ့ဆုံရာတွင် မြန်မာအစိုးရသစ်၏ ဦးစားပေးကဏ္ဍများ ဖြစ်သော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူနေမှုအဆင့် တိုးတက်ရေးတို့အတွက် ကနေဒါနိုင်ငံအနေဖြင့် လက်တွဲကူညီ လုပ်ဆောင်နိုင်မည့် အကြောင်းအရာများကို အချိန်ယူ၍ ဆွေးနွေးခဲ့ကြောင်း ကနေဒါသံရုံး ရန်ကုန်က ထုတ်ပြန်သည်။
ယနေ့နံနက် ၉း၃၀ နာရီတွင် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခဲ့ပြီး နံနက် ၁၁ နာရီတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် တွေ့ခဲ့သည်။
သမ္မတကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဖေမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းတို့က ဧည့်သည်တော်အဖွဲ့အား လက်ခံတွေ့ဆုံခဲသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.