Connect with us

Politics, Law & Military

မြန်မာနိုင်ငံ သမ္မတနှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံစဉ် အချက်လေးချက် သံတမန် နည်းအရ သဘောတူခဲ့ဟုဆို

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး အားလက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးတို့ ယနေ့ နံနက်တွေ့ဆုံစဉ် အချက်လေးချက်ကို သံတမန် နည်းအရ သဘောတူခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တွေ့ဆုံပွဲ အပြီးတွင် မီဒီယာများသို့ ပြောကြားသည်။

ပထမ အချက် အနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ အကြောင်းနှင့် ကနေဒါနိုင်ငံ၏ အတွေ့အကြုံ များအရ ပူးပေါင်းဆောင်ရွက်ရန်၊ ဒုတိယ အချက်အနေဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေများ အရ သောက်သုံးရေ လုံလောက်မှု အပါအဝင် ပူးပေါင်းဆောင်ရွက်ရန်၊ တတိယအချက် အနေဖြင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် တာဝန်ယူမှု တာဝန်ခံမှု ပါသည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ လက်ခံရန်နှင့် နောက်ဆုံး အချက်အနေဖြင့် မြန်မာလူငယ်များ အတွက် စကောလားရှစ် ကိစ္စ ပြန်လည် စတင်ရန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်များအား သမ္မတ ဦးထင်ကျော်နှင့် အမှတ်တရ တွေ့ရစဉ် (ဆင်ဟွာ)

“မြန်မာလူငယ်တွေကို အရင်တုန်းကလို စကောလားရှစ် ပြန်ပေးဖို့နဲ့ တိုးမြှင့်ပေးသွားဖို့ သမ္မတ ဦးထင်ကျော်က ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးကို တောင်းဆိုတဲ့အတွက် နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်သွား မယ်လို့ ကနေဒါ ဝန်ကြီးက ပြောခဲ့ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
၁၉၈၀ ပြည့်လွန်နှစ်များမှ စတင် ရပ်ဆိုင်းခဲ့သည့် မြန်မာကျောင်းသားများ ကနေဒါနိုင်ငံတွင် ပညာသင်ဆု စကောလားရှစ်ကို ယခုနှစ်မှစပြီး ပြန်လည် ပေးအပ်သွားမည်ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးက သမ္မတ ဦးထင်ကျော်နှင့် တွေ့စဉ် ပြောကြားခဲ့သည်။
ယနေ့နံနက် ၉း၃၀ နာရီတွင် ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခဲ့ပြီး နံနက် ၁၁ နာရီတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် တွေ့ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.