Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံခန့်အပ်သည့် ဥပဒေကို နိုင်ငံတော် သမ္မတလက်မှတ်ရေးထိုး

ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံခန့်အပ်သည့် ဥပဒေကို ယနေ့ညနေပိုင်းတွင် သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့လိုက်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော် သမ္မတထံ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတ လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် အဆိုပါ ဥပဒေသည် အသက်ဝင်ကာ ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီးဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကဆိုသည်။

အဆိုပါ ဥပဒေ နှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့ကာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲအများစုရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာခြင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ကို ယနေ့ နိုင်ငံတော် သမ္မတ နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117