Connect with us

Politics, Law & Military

မြန်မာ့ ပင်လယ်ပြင်၌ ငါးဖမ်းခွင့် ပေးထားသော ငါးဖမ်းစက်လှေ ၄၀၀ ကျော်မှ အပ တရားမဝင် ငါးဖမ်းလှေများ ဖမ်းဆီးမည်

မြန်မာ့ ပင်လယ်ပြင်၌ ငါးဖမ်းခွင့် ပေးထားသော ငါးဖမ်းစက်လှေများ အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ပေးထားသော ငါးဖမ်းစက်လှေများ၏ ၄၀ ရာခိုင်နှုန်း (အစီးရေ ၄၀၀ ကျော်) မှ အပ တရားမဝင် ငါးဖမ်းလှေများကို မြန်မာ့ ပင်လယ်ပြင် စိုးမိုးရေးအဖွဲ့မှ ဖမ်းဆီးမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ မြန်မာ့ ပင်လယ်ပြင်တွင် ငါးမဖမ်းရ ကာလ အဖြစ် ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃ဝ ရက်အထိ သတ်မှတ် ထားသော်လည်း တရားဝင် ငါးဖမ်းလှေများ၏ ၄ဝ ရာခိုင်နှုန်းကို ငါးဖမ်းခွင့် ပေးထားပြီး တရားမဝင် ငါးဖမ်းလှေများ တွေ့ရှိပါက မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေအတိုင်း အရေးယူနိုင်ရန် စီစဉ်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

ယင်း တရားမဝင် ငါးဖမ်းလှေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ ပဲ့နင်းကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

ယခုနှစ် ဧပြီလ ၂၇ ရက်အထိ ကမ်းဝေး ငါးဖမ်းလိုင်စင် ရရှိထားသော ငါးဖမ်းလှေများကို တရားဝင် ငါးဖမ်းလှေ အဖြစ် သတ်မှတ်ကာ အဆိုပါ ငါးဖမ်း ရေယာဉ်များ အနက် အမှန်တကယ် ငါးဖမ်းနိုင်သည့် ငါးဖမ်းလှေများ၏ ၄ဝ ရာခိုင်နှုန်း ဖြစ်သော အစင်းရေ ၄ဝဝ ကျော်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တရားမဝင် ငါးဖမ်းလှေများကို ဖော်ထုတ် အရေးယူမည့် မြန်မာ့ ပင်လယ်ပြင် စိုးမိုးရေး အဖွဲ့ကို တပ်မတော် (ရေ) အပါအဝင် ရေကြောင်း ရဲတပ်ဖွဲ့၊ ငါးလုပ်ငန်း ဦးစီးဌာန၊ သက်ဆိုင်ရာ ငါးလုပ်ငန်း အဖွဲ့ချုပ်များ၊ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့များနှင့် တခြားသော ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.