Connect with us

Politics, Law & Military

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အခြေအနေများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား သံအမတ် ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား သံအမတ်တို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E.Mr. Vasily Borisovich Pospelov တို့သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အခြေအနေများကို ယနေ့ တွေ့ဆုံစဉ် ဆွေးနွေးကြသည်။

ယင်းတွေ့ဆုံပွဲကို နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီတွင် တွေ့ဆုံပြီး ရှည်လျားသည့် သမိုင်းကာလ တစ်လျှောက်နှင့် လက်ရှိ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာ-ရုရှား စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာများ၊ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် တိုးမြှင့်နိုင်မည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.