Connect with us

Media

ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွင် တောင်ကိုရီးယား ငါးဖမ်းလှေများ ပါဝင်လာ

ဆိုးလ်၊ ဩဂုတ် ၁၆ရက် (ဆင်ဟွာ)

ရေဒီယိုသတ္တိကြွရေဆိုးများ သမုဒ္ဒရာအတွင်း စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ အစီအစဉ်ကို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်ကြောင်း ဒေသခံငါးဖမ်းသမားများက မကြာသေးမီလများအတွင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ တောင်ကိုရီးယားနိုင်ငံမှ ငါးဖမ်းလှေအုပ်စုက ဆိပ်ကမ်းမြို့ဖြစ်သော အင်ချွန်းမြို့ ရေပြင်တွင် လှေများဖြင့် ဩဂုတ် ၁၄ ရက်၌ မောင်းနှင်ချီတက်ခဲ့ကြကြောင်း သိရသည်။

ငါးဖမ်းလှေ အစင်းရေ ၅၀ ကျော်သည် အင်ချွန်းမြို့ရှိ ဆိပ်ခံတံတားမှ စီတန်းမောင်းနှင်ထွက်ခွာခဲ့ပြီး “ဂျပန်နိုင်ငံတွင် ဖူကူရှီးမား ညစ်ညမ်းရေကို သောက်ရေအဖြစ် သောက်သုံးကြပါ” ၊ “သမုဒ္ဒရာက ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေများရဲ့ အမှိုက်ပုံမဟုတ်” ဟူသော စာတန်းများ ချိတ်ဆွဲလျက် အချိန် တစ်နာရီခွဲခန့် လှည့်ပတ်မောင်းနှင်ခဲ့ကြသည်။
အကယ်၍ ညစ်ညမ်းရေများကို သမုဒ္ဒရာအတွင်း စွန့်ထုတ်မည်ဆိုပါက ဂေဟစနစ်များအားလုံးကို ပျက်စီးစေမည်ဖြစ်ကာ လာမည့်ဆယ်စုနှစ်အတွင်း လူသားမျိုးနွယ်ကိုပင်လျှင် ပျက်စီးစေနိုင်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်း အင်ချွန်းမြို့ရှိ ငါးဖမ်းသမား Kim Jong-ok က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
S. Korean fishing boats stage rally against Japan’s radioactive wastewater discharge plan
SEOUL, Aug. 15 (Xinhua) — A group of South Korean fishing boats on Monday staged a maritime parade in waters off the country’s western port city of Incheon as part of the efforts in recent months by local fishermen to express their firm opposition to Japan’s planned discharge of radioactive wastewater into the ocean.
Over 50 fishing vessels set out from a pier in Incheon on a parallel voyage, sailing around for about one and a half hours with banners attached on the vessels that read “Use the Fukushima contaminated wastewater as drinking water in Japan,” and “The ocean is not a dumpster for the Fukushima nuclear-contaminated wastewater.”
If the wastewater is released into the ocean, it will destroy all ecosystems and eventually damage all humankind for the next decade, said Kim Jong-ok, a fisherman in South Korea’s western port city of Incheon.
Photo 1 – 4 : Fishing boats sail to protest against Japan’s planned discharge of radioactive wastewater into the ocean, in waters off Incheon, South Korea on Aug. 14, 2023. (Xinhua/Wang Yiliang)
Photo 5,6: A fishing boat sails to protest against Japan’s planned discharge of radioactive wastewater into the ocean, in waters off Incheon, South Korea on Aug. 14, 2023.(Xinhua/Wang Yiliang)