Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ၂၂ ခုမြောက် ဝန်ကြီးဌာနအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က လွှတ်တော်၏ သဘောထား ရယူပေးရန် မေလ ၅ ရက်က ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက် ရှိပြီး အဆိုပါ ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျန်းမာရေး ကွန်ရက်မှ ဒေါက်တာ တင်မျိုးဝင်းကို လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.