Connect with us

Politics, Law & Military

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို မတရားအသင်းမှ ပယ်ဖျက်

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော မတရားအသင်းမှ ပယ်ဖျက်သော ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်၌ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို မတရားအသင်းမှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ဖြင့် မတရားအသင်းမှ ပယ်ဖျက်ခြင်းနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်သူများလည်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် နေပြည်တော်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။(Xinhua)