Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်းများ တွေ့ရှိ

မောင်တောမြို့နယ်တွင်း သိမ်းဆည်းရမိသော လက်လုပ်မိုင်းများအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့ ဒိုးတန်းကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် မဲဒီကျေးရွာအနီး၌ အဝေးထိန်းစနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ဒိုးတန်းကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ငါးခူရ-ဒိုးတန်းသွား ကားလမ်းဘေး၌ မသင်္ကာဖွယ်ရာ ဝါယာကြိုးစတွေ့ရှိ၍ ရှင်းလင်းဖော်ထုတ်ရာ အလျား ၈ လက်မ၊ အချင်း ၄ လက်မရှိ ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ်ရှော့ခ်တိုက်မိုင်းဟောင်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မောင်တောမြို့၊ မဲဒီကျေးရွာစာသင်ကျောင်းအနီး၌ မြေကျင်းအတွင်း မသင်္ကာဖွယ်ရာ ပလတ်စတစ်ပုံးပျက်တစ်လုံးအားတွေ့ရှိကြောင်း သတင်းပေးပို့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အကျယ် ၃ ပေ၊ အနက် ၃ ပေခန့် မြေကျင်းအတွင်း အမည်းရောင် မိုးကာစဖုံးအုပ်၍ မြှုပ်နှံထားသည့်ပလတ် စတစ်ပုံးအတွင်းမှ အလျား ၁၀ လက်မ၊ အချင်း၂ လက်မခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသော သံချေးတက်နေသည့် အဝေးထိန်းစနစ် သုံးလက်လုပ်မိုင်း ၁၀ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.