Connect with us

Politics, Law & Military

ပြည်ထောင်စုအခွန်ကောက်ဥပဒေရေးဆွဲရန်လိုအပ်ချက်များအား အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆွေးနွေး

အခွန်ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းမည့် ပြည်ထောင်စုအခွန်ဥပဒေကို လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်မှ အခွန်ကောက်ခံရန်ဥပဒေပြဋ္ဌာန်းပြီးမှ ၎င်းဥပဒေပေါ်တွင် အငြင်းပွားနေမှုများမရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအခွန်ဦးစီးဌာနများမှာဦးစီးသော အခွန်ကိစ္စ ရပ်များဆိုင်ရာဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အခွန်ဆိုင်ရာအထူးလုပ်ငန်းအဖွဲ့ (Tax Working Group) အားဖွဲ့စည်းထားကာ အခွန်နှင့်ပတ်သက်၍ တွေ့ကြုံနေရသော အခက်အခဲများကို ပြည်တွင်းအခွန်များဦးစီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ဖြင့် အတူတကွ လက်တွဲ၍ အမြဲဖြေရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့ဆွေးနွေးပွဲတွင်လည်း ပုဂ္ဂလိကကဏ္ဍကိုဦးဆောင်နေသော ကုန်သည်အသင်းအဖွဲ့များနှင့် ပြင်ပကုမ္ပဏီများမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်တို့နှင့်ပတ်သက်၍ လက်တွေ့ကျကျ အကြံပြုချက်များဖြင့် ပြည်ထောင်စုအခွန်ကောက်ဥပဒေရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန်တိုင်းအစိုးရထံ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ “လာမယ့်ဧပြီလ ကောက်ခံမယ့်အခွန်စနစ်မှာ လုပ်ငန်းရှင်တွေရော၊ နိုင်ငံတော်အစိုးရရော အားလုံးအဆင်ပြေချောမွေ့တဲ့ အခြေအနေတစ်ခု ဖြစ်ချင်ပါတယ်။ နိုင်ငံ့အခွန်ထမ်းတွေဘက်ကလည်း တာဝန်ကျေတဲ့ အခွန်ထမ်းတွေဖြစ်မယ်၊ ကျွန်တော့်တို့ဘက်ကလည်း အခွန်ကိုစနစ်တကျကောက်ယူတဲ့ အခြေအနေ ရောက်အောင် ဆောင်ရွက်လိုပါတယ်။ ဒီအပေါ်မူတည်ပြီး လာမယ့်အခွန်ဥပဒေမှာ အကောင်းဆုံးဖြစ်လာအောင် ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပြီး ကျွန်တော်တို့အားလုံးပြဋ္ဌာန်းလိုက်တဲ့ဥပဒေကို ကျွန်တော်တို့အားလုံး လိုက်နာကျင့်သုံးနိုင်ရပါမယ်။ ကျွန်တော်တို့အားလုံးဆိုတာက အစိုးရသက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနဲ့ လုပ်ငန်းရှင်များ အားလုံးကို ဆိုလိုခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် ပြည်တွင်အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ကုန်သည် စ က်မှု အသင်းချုပ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.