Politics, Law & Military
ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၀၇:၀၀ နာရီအချိန်မှ ၁၆:၂၀ နာရီ အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ယုတ်ပေးကျေးရွာ၏ အရှေ့ဘက် ၂ မိုင် ကျော် ခန့်အကွာ၌ အမြင့် ၆ လက်မမှ ၁ ပေခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သိရသည်။
အလားတူ ၀၇:၃၀ နာရီအချိန်မှ ၁၇:၁၀ နာရီ အချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဒင်းရွေးကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ၁၀:၃၀ နာရီအချိန်မှ ၁၆:၁၀ နာရီ အချိန်ထိ နောင်တရားနယ်မြေရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကောင်ပနားကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧက ခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ၀၈:၃၀ နာရီအချိန်မှ ၁၀:၃၀နာရီ အချိန်ထိ မိုင်းခုတ်နယ်မြေရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ နားမော်ခိုင်ကျေးရွာ၏ အရှေ့ဘက် ၄၈ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ၀၉:၁၅ နာရီအချိန်မှ ၁၁:၃၀နာရီ အချိန်ထိ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့၊ အဲဝကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ၀၉:၀၀နာရီ အချိန်မှ ၁၆:၀၀ နာရီ အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နောင်အယ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)