Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီး

ဘိန်းစိုက်ခင်းတစ်ခုအားဖျက်ဆီးနေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ မိုင်းဆတ်နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၉ ဧကခန့် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ၀၇:၀၀ နာရီအချိန်မှ ၁၆:၂၀ နာရီ အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ယုတ်ပေးကျေးရွာ၏ အရှေ့ဘက် ၂ မိုင် ကျော် ခန့်အကွာ၌ အမြင့် ၆ လက်မမှ ၁ ပေခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သိရသည်။

အလားတူ ၀၇:၃၀ နာရီအချိန်မှ ၁၇:၁၀ နာရီ အချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဒင်းရွေးကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ 

အလားတူ ၁၀:၃၀ နာရီအချိန်မှ ၁၆:၁၀ နာရီ အချိန်ထိ နောင်တရားနယ်မြေရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကောင်ပနားကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၄ ဧက ခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ 

အလားတူ ၀၈:၃၀ နာရီအချိန်မှ ၁၀:၃၀နာရီ အချိန်ထိ မိုင်းခုတ်နယ်မြေရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ နားမော်ခိုင်ကျေးရွာ၏ အရှေ့ဘက် ၄၈ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ 

အလားတူ ၀၉:၁၅ နာရီအချိန်မှ ၁၁:၃၀နာရီ အချိန်ထိ မိုင်းဆတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့၊ အဲဝကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။ 

အလားတူ ၀၉:၀၀နာရီ အချိန်မှ ၁၆:၀၀ နာရီ အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နောင်အယ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)