Politics, Law & Military
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဝက်ဘ်ဆိုက်အသစ် စတင် ထုတ်လွှင့်

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၎င်း၏ဝက်ဘ်ဆိုက် www.icoe-myanmar.org ကို ၂ဝ၁၈ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်မှ စတင်၍ စတင် ထုတ်လွှင့် လိုက်ကြောင်း လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ထုတ်လွှင့်ရသည့် ရည်ရွယ်ချက်မှာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်၏ လုပ်ပိုင်ခွင့်များကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ချိရန် ဖြစ်ကြောင်း ၊ အဆိုပါ ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်များ၏ နောက်ခံကိုယ်ရေးအကြောင်းအရာ အကျဉ်းချုပ် ၊ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ ၊ လုပ်ငန်း ဆောင်ရွက်ချက် များနှင့် ဆက်သွယ် နိုင်မည့် အချက်အလက် များကို ဖော်ပြထားကြောင်း သိရသည်။လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဝက်ဘ်ဆိုက်ကို facebook page, twitter, youtube တို့နှင့် ချိတ်ဆက် ထားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)