Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမလေးလကျော် ကာလ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ နှစ်ဘီလီယံ ကျော် ရရှိ

ရန်ကုန်မြို့ရှိ အေးရှားဝေါလ် ဆိပ်ကမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမလေးလကျော်ကာလ အတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂,၁၅၆ ဒသမ ၂၀၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၂၄ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ၁၀၀ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁,၈၃၁ ဒသမ ၁၈၃ သန်း ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၂,၀၈၀ ဒသမ ၀၆၅ သန်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ အထူးစီးပွားရေးဇုန် ဥပဒေ အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၂၄ ရက် အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၇၆ ဒသမ ၁၄၀ သန်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၂၄ ရက် အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၉ ခု ၊ အမေရိကန် ဒေါ်လာ ၁၁၃ ဒသမ ၅၄၅ သန်း အပါအဝင် ကျပ် ၆၄၇,၆၈၉ ဒသမ ၉၂၇ သန်း ဖြစ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃၄ ဒသမ ၄၆၉ သန်း အပါအဝင် ကျပ် ၇၄၈,၃၁၁ ဒသမ ၀၆၁ သန်း ဖြစ်ကြောင်း သိရသည်။(Xinhua)