Connect with us

Politics, Law & Military

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ကြောင်းလွှတ်တော်ဥက္ကဋ္ဌ မှ ကြေညာပြီး ၆လအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် လွှတ်တော် နှစ်ရပ်အတည်ပြု

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပသော ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့တစ်ဦး ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

လွှတ်တော် ကိုယ်စားလှယ် လစ်လပ်သည်ဟု လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည့် နေ့မှ ခြောက်လအတွင်း ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမည် ဟူသည့် ပြင်ဆင်ချက် ပါဝင်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းေဒေသကြီး/ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က သဘောကွဲလွဲမှု မရှိ အတည်ပြု လိုက်သည်ဟု ဇန်နဝါရီ ၇ ရက် တွင် ကျင်းပသော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဦးနန္ဒကျော်စွာက ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ ၆ လအတွင်းဆိုတာ က လွှတ်တော်ကိုယ်စားလှယ် သေဆုံးလို့ဖြစ်ဖြစ်၊ ဝန်ကြီး ၊ ဒုဝန်ကြီး နေရာ ခန့်အပ်ခံရလို့ ဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ် နေရာ လစ်လပ်တယ်လို့ လွှတ်တော်ဥက္ကဌက ကြေညာပြီး ၆ လအတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပပေးရမယ် ဆိုပြီးအတည်ပြုလိုက်တာပါ’’ ဟု ဆင်ဟွာကို ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေဖြစ်သည့် အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ချက်ဥပဒေကို ရွေးကောက်ပွဲအပြီး ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးများ ပြန်လည် စတင်သည့် နေ့မှ တစ်ပတ်အကြာ ၂၀၁၅ နိုဝင်ဘာ တတိယ အပတ်တွင် ပြည်သူ့လွှတ်တော်သို့စတင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.