Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာသို့ အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှု နှင့် ပတ်သက်သော အမှု တိုင်တန်းမှုများပြား

ရန်ကုန်မြို့တွင် တည်ဆောက်လျက်ရှိသော အထပ်မြင့် အဆောက်အအုံ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ နေ့စဉ် တိုင်ကြားသော အမှုများတွင် အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှု နှင့် ပတ်သက်သော အမှုမှာ အများဆုံး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။

ယင်း တိုင်ကြားမှုကို ဖြေရှင်းသည့် အနေဖြင့် အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှု များတွင် သတ်မှတ်ဇုန်ပုံစံ အတည်တကျဖြစ်ရန် လိုအပ်လာကြောင်း၊ အထပ် အနိမ့်အမြင့် တည်ဆောက် မှုများကို ထိန်းချုပ်နိုင်မည့် ဥပဒေကိုလည်း အတိအကျ ရေးဆွဲရမည်ဖြစ်ကြောင်း၊ ယင်း အတွက် လျာထားသည့် Zoning Plan အား အတည်ပြုရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တိုင်ကြားမှုများတွင် တရားမဝင် တည်ဆောက်နေမှု နှင့် အဆောက်အအုံ တည်ဆောက်ရာတွင် ကျူးကျော်မှုများထက် အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုအတွက် တိုင်တန်းသူ ပိုမိုများပြားလျက်ရှိသည်။

အဆောက်အအုံ တည်ဆောက်မှုများ အတွက် ဥပဒေပိုင်းဆိုင်ရာ အားနည်းနေသဖြင့် ခွင့်ပြုခြင်းနှင့် ကန့်ကွက်ခြင်းများ ဖြေရှင်းရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှလည်း အဆောက်အအုံ တည်ဆောက်ခြင်း ကန့်သတ်ဇုန်နှင့် အစိမ်းရောင်နယ်မြေ သတ်မှတ်ဇုန်ကိုလည်း လုပ်ဆောင်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.