Connect with us

Politics, Law & Military

ပင်လယ် ရေကြောင်းပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD မြန်မာနိုင်ငံ ရန်ကုန်မြို ့သို့ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိ

အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD အား တွေ့ရစဉ် (ဓာတ်ပုံ- အိန္ဒိယသံရုံး)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံကြားတွင် ရှိသော ပင်လယ် ရေကြောင်းပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD သည် ယနေ့ဇန်နဝါရီ ၇ ရက်တွင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို ့၊ သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD ၏ ချစ်ကြည်ရေး ခရီးစဉ်မှာ ဇန်နဝါရီလ ၇ ရက်မှ ၁၁ ရက် နေ့အထိ ဖြစ်ပြီး ရန်ကုန်မြို ့သို့ရောက်ရှိနေစဉ် အတွင်း သင်္ဘောအား ဦးဆောင်လာသူ အရာရှိ နှင့် တပ်သား များသည် မြန်မာနိုင်ငံသားများအပြင် မြန်မာ့တပ်မတော် (ရေ) အရာရှိကြီးများ ၊ ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် စသည့်တာဝန်ရှိ သူများ နှင့် တွေ့ဆုံကြမည်ဖြစ်သည့် အပြင် သင်္ဘော၏ Commanding Officer သည် တာဝန်ရှိ တပ်မတော် အရာရှိကြီးများနှင့် တွေ.ဆုံသွားမည်ဖြစ်ပြီး တပ်သားများသည် မြန်မာ့ တပ်မတော်(ရေ)တပ်ဖွဲ့ဝင်များ နှင့် ချစ်ကြည်ရေး အားကစားပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD ပေါ်တွင် သင်္ဘောပေါ်တွင် အရာရှိ ၁၁ ဦး နှင့် တပ်သား ၉၅ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ကမ်းခြေစောင့် သင်္ဘော VARAD(CG 40) သည် 75 မီတာနီးပါး ရှည်ပြီး ကမ်းလွန် ကမ်းလှည့် သင်္ဘောဖြစ်ကာ Goa သင်္ဘောကျင်း လီမိတက်မှ ပုံစံထုတ်ပြီး တည်ဆောက် ထားခြင်း ဖြစ်ပြီး သင်္ဘောသည် ရေမိုင် ၄၀၀၀ (မိုင်ပေါင်း ၅၀၀၀ နီးပါး) တစ်ဆက်တည်း ခရီးသွားနိုင်ကြောင်း သိရသည်။
ထိုသဘောၤသည် ပုံမှန်အားဖြင့် ပင်လယ်ပြင်တွင် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး၊ ပင်လယ်ရေပြင် ထိန်းသိမ်းရေး နှင့် ကာကွယ်ရေး တာဝန်များအပြင် တရားမဝင်ကုန်သွယ်မှု ဆန့်ကျင်ရေး နှင့် လျှို့ဝှက်စွာ ဝင်ရောက်လာမှု တားဆီးရေး တို့အတွက် ကင်းလှည့် တာဝန်များကို ထမ်းဆောင် နေကြောင်း သိရသည်။
ထိုသင်္ဘော၏အမည် Varad သည် Sanskrit စကားစုဖြစ်သော “Sahyadri VaradHast” မှ ဆင်းသက် လာခြင်းဖြစ်ပြီး “ဆန္ဒများအားဖြည့်ဆည်းပေးခြင်း” ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117