Connect with us

Politics, Law & Military

သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများအစီအစဉ်များကျင်းပမည်

ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ သတိပေးနှိုးဆော်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ယဉ်စည်းကမ်း)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများအစီအစဉ်အဖြစ် ညအလှမီးပန်းများထွန်းညှိခြင်း၊ လမ်းဘေးတစ်လျှောက်ဖျော်ဖြေပွဲများ ၊ လက်မှုပစ္စည်းအရောင်းဆိုင်များ ၊ပြပွဲများ၊ သမိုင်းဝင်အဆောက်အအုံများ လမ်းတစ်လျှောက်လေ့လာခြင်းများအား ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏ လမ်းမများမကျင်းပမီ နှင့် ကျင်းပစဉ်ကာလအတွင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ (၁၅း၀၀) နာရီ မှ (၂၄း၀၀) အချိန်အထိ အောက်ပါအတိုင်း လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဗန္ဓုလပန်းခြံလမ်းအား မဟာဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ လည်းကောင်း၊ ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ လမ်းပိတ်ထားမည်ဖြစ်သဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ အနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းများမှ မောင်းနှင်ကြရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ချက်ထုတ်ပြန်သည်။

ပွဲတော်သို့ လာရောက်သည့် မော်တော်ယာဉ်များ အနေဖြင့် ပန်းဆိုးတန်းလမ်း နှင့် မဟာဗန္ဓုလပန်းခြံလမ်း ကြားရှိ ကုန်သည်လမ်းပေါ်တွင်လည်းကောင်း၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင်များတွင်လည်းကောင်း၊ ရပ်နားနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.