Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ မြို့ခြောက်မြို့နှင့် ကျေးရွာ ၆၅ ရွာသို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိ

ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ-အမျိုးသားလွှတ်တော်)

နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကမ်းထောင့်ကြီး၊ ကျောက်ဖြူ နှင့် တပ်တောင်မြို့များနှင့် ကျေးရွာ ၆၅ ရွာ( အိမ်ထောင်စု ပေါင်း ၃၁၁၃၉ စု) တို့အတွက် ဓာတ်အားစနစ်ဖြင့် ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး

ဒေါက်တာ ထွန်းနိုင်က ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ် လူမှု စီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်ကို ရေးဆွဲ ဆောင်ရွက်လျက် ရှိရာမှာ မင်းပြားနဲ့ မြေပုံမြို့ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းတွေအပြင် ပေါက်တော၊ ကမ်းထောင့်ကြီး၊ တပ် တောင်မြို့နဲ့ပတ်ဝန်းကျင်ကျေးရွာတွေ လျှပ်စစ်ဓာတ်အား ရရှိရေးကိုပါ

ဆောင်ရွက်နေပါတယ်၊ ကျောက်ဖြူ မြို့နယ်က ကျေးရွာတွေ လျှပ်စစ်ဓာတ် ရရှိရေး အတွက်လည်း ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၏ “မင်းပြားနှင့် မြေပုံ မြို့နယ်များတွင် လျှပ်စစ်မီး ရရှိရေးအတွက် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ” ဟူ သည့် အမေးကို ဝန်ကြီးက ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

မင်းပြား မြို့နယ်အား လျှပ်စစ်ဓာတ်အား ပေးနိုင်ရေးအတွက် ၆၆ ကေဗီ၊ မြောက်ဦး – မင်းပြား ဓာတ်အားလိုင်း (၁၇ ာဒသမ ၂၈ မိုင်) နှင့် ၆၆ / ၁၁ ကေဗီ၊ ၅ အမ်ဗီအေ ဓာတ်အားခွဲရုံ စီမံကိန်းကို အကောင်အထည်ဖော် လျက်ရှိရာ ၉၂ ဒသမ ၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ မင်းပြား ဓာတ်အားခွဲရုံ

တည်ဆောက်မှုမှာလည်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ မင်းပြားမြို့အား ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလတွင် ဓာတ်အား ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း၊ အလားတူပင် မြေပုံမြို့သို့ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် တည်ဆောက်နေ သည့် မင်းပြားဓာတ်အားခွဲရုံမှ ၆၆ / ၃၃ ကေဗီ၊ ၁၀ အမ်ဗီအေ

ထရန်စဖော်မာမှတစ်ဆင့် ဓာတ်အားရယူရန် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် ထဲတွင် ဖြန့် ဖြူးနိုင်ရန်လျာထားကြောင်း၊ ပေါက်တော၊ ကမ်းထောင့်ကြီး၊ တပ်တောင်မြို့များနှင့် ကျေးရွာ ၆၅ ရွာတို့အတွက် လည်း ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်

ပြည်ထောင်စု ဘတ်ဂျက်မျ ကျပ်သန်း ၄၂၇၈ ဒသမ ၆၃ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ဓာတ်အား ဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း ဒေါက်တာ ထွန်းနိုင်က ရှင်းလင်း ပြောကြားခဲ့သည်။

“ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာများ အတွက်လည်း ဇင်ချောင်းကျေးရွာမှာ ၆၆ / ၁၁ ကေဗီ၊ ၅ အမ်ဗီအေ ဓာတ်အားခွဲရုံနဲ့ ၆၆ ကေဗီလိုင်း ၀ ဒသမ ၆ မိုင် တည်ဆောက်ခြင်း လုပ်ငန်းကို ခန့်မှန်း ကုန်ကျငွေ ကျပ်သန်း ၂၂၀၀ နဲ့ တည်ဆောက်သွားပါမယ်” ဟု လည်း ၎င်းက ပြောခဲ့သည်။

ဖော်ပြပါ ဓာတ်အားလိုင်းများ ပြီးစီးသွားသည့်အခါ မြို့ခြောက်မြို့နှင့် ကျေးရွာ ၆၅ ရွာတို့ကို လျျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မင်းပြားမြို့ မြို့ပေါ် ရပ်ကွက် ရှစ်ခု၊ မြေပုံမြို့မြို့ပေါ် ရပ်ကွက် ကိုးရပ်ကွက်တို့သို့ တစ်ရက်လျှင် မီးပေးချိန် လေးနာရီဖြင့် လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.