Connect with us

Politics, Law & Military

သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်၀၆း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့အထွက်အိုရီယမ်တယ်တိုးဂိတ်အနီး၌ ကျော်ထွန်း(ခ)အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာသည့်မော်တော်ယာဉ်မှ ဘိန်းဖြူဆပ်ပြာခွက် ၁,၁၃၉ ခွက်( ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို)နှင့်စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကွမ်းလုံ-နမ့်စလပ်-သိန္နီမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးများပိုင်ရှင် နှစ်ဦးတို့အားဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်၀၈း၄၅ အချိန် တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို စီးနင်းဝင်ရောက်ရှာဖွေရာ နေအိမ်၌လူတစ်ဦးမျှတွေ့ရှိခြင်းမရှိဘဲ နေအိမ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများထည့်ထားသည့်ဆာလာအိတ် ၁၀၀ အိတ်အတွင်းမှ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား သိန်း ၃၀၀ ပြား၊ အိုက်စ်များထည့်ထားသည့်ဆာလာအိတ် ၇၀ အိတ်အတွင်းမှ စုစုပေါင်း အိုက်စ် အလေးချိန် ၁၇၅၀ ကီလို၊ ဘိန်းဖြူဘလောက်တုံးများထည့်ထားသည့်ဆာလာအိတ်၂၀အိတ် အတွင်းမှ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး ၁၃၆၀ တုံး (ဘိန်းဖြူ အလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသည့်ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၃၃၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅၀၂ ကီလို နှင့် ကဖင်းများ ထည့်ထားသည့်ဆာလာအိတ် ၁၀ အိတ်အတွင်းမှ စုစုပေါင်း ကဖင်း ၂၀၀ ကီလို( မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော်) တို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ မူးယစ်ဆေးဝါးများပိုင်ရှင်တစ်ဦးအားဆက်လက် ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.