Politics, Law & Military
ဟားခါးမြို့၌ မှိုစားပြီး လူ ၁၉ဦးအစာအဆိပ်သင့်

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရေနုတ်မြောင်းပြုပြင်နေသော လုပ်သား ၁၉ဦးသည် ဇွန် ၂၄ရက်နေ့တွင် မှိုများစားသောက်ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထင်းရှုးတောအတွင်းမှ မှိုများအား ခူးယူချက်ပြုတ်စားသောက်ခဲ့ရာမှ မူးဝေအော့အန်ခြင်းများဖြစ်ပွားခဲ့ပြီး ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
အဆိုပါ အစာအဆိပ်သင့်သူ များထဲ၌ ၁၃ဦးသည် ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားပြီး ၆ဦးသည် ဆေးရုံ၌ ဆက်လက် ဆေးကုသမှုခံယူနေကြောင်း သိရသည်။(Xinhua)