Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်အတွင်းဖားဥဟုယူဆရသော ဥများစားမိရာမှကလေးငယ် ၆ဦး အစာအဆိပ်သင့်မှုဖြစ်ပွား၊တစ်ဦးသေဆုံး

ကသာမြို့တွင်းရှိ မြစ်ဆိပ်တစ်ခုအားတွေ့ရစဉ်(အင်တာနက)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ သာစည်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄နာရီဝန်းကျင်ခန့်က ကလေးငယ် ၆ဦးသည် ဧရာဝတီမြစ်အတွင်းမှ ဖားဥဟုယူဆရသော ဥများကောက်ယူကြော်စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဥများကို မြစ်အတွင်းကာက်ယူပြီး ကလေးငယ်တစ်ဦးနေအိမ်၌ မိဘများမရှိချိန် ကြော်စားရာ မူးဝေအော့အန်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း မူးဝေအော့အန်သော ကလေး၆ဦးအား ကသာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ်အတွင်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဖားဥဟုယူဆရသော ဥများအား ကောက်ယူကြော်စားသည့် ကလေးငယ်များသည် အသက် ၁၂နှစ်၊ ၁၁နှစ် ၊ ၅နှစ်နှင့် ၄နှစ်အရွယ်ကလေးငယ်များဖြစ်ကြောင်း၊ အဆိုပါ ကလေးငယ်များထဲမှ အသက်အငယ်ဆုံး မိန်းကလေးငယ်သည် ဆေးရုံရောက်ပြီး တစ်နာရီခွဲခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ၊ ကျန်ကလေးငယ် ၅ဦး မှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ကြောင်း သိရသည်။” ကလေးမလေး သေတာကို ဓမ္မတာတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်၊ ကျန်ကလေးတွေလည်း ဆေးကုသမှုခံယူနေဆဲပါ” ဟု ကသာမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117