Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတက စွန့်လွှတ်မြေများအား နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလ ပိုင်ရှင်များထံ အမြန်ဆုံး အပ်နှံ သွားရန် မှာကြား

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကျင်းပစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က စွန့်လွှတ်မြေများနှင့် ပတ်သက်၍ နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလ ပိုင်ရှင်များထံ အမြန်ဆုံး အပ်နှံ သွားရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈)တွင် ပြောကြားခဲ့သည်။

ထို့အတူ မစွန့်လွှတ် ရသေးသည့် သိမ်းဆည်းမြေများ အပေါ် ကော်မတီ အဆင့်ဆင့်က ထိထိရောက်ရောက် အမြန်ဆုံး စိစစ် ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက နေပြည်တော်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစိုးရသစ်၏ ၂ နှစ်တာ ကာလ အတွင်း တိုင်ကြားစာ များအား စိစစ် ဆောင်ရွက်မှု အားနည်းနေပြီး ပြန်လည် စွန့်လွှတ်မြေ များကိုလည်း မူလပိုင်ရှင်ထံသို့ ပြန်လည် ပေးအပ်ရန်မှာ နှောင့်နှေး ကြန့်ကြာလျက် ရှိနေသည်ကို တွေ့ရှိရကြောင်း ၊ နိုင်ငံတော်အစိုးရက ပြန်လည်စွန့်လွှတ်ပေးမှု အချို့ ရှိခဲ့သော်လည်း သိမ်းဆည်းခံရသည့် တောင်သူ လယ်သမားများမှာ ပေးကားပေး၏ မရ ဖြစ်နေကြကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီ အဆင့်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် နေကြသည့် ဝန်ကြီးချုပ်များ အနေဖြင့် ယခုထက် တိုးတက် ဆောင်ရွက်နိုင်မည့် အခြေအနေ ရောက်အောင် ထိထိရောက်ရောက် တွန်းအားပေး ဆောင်ရွက်ပေးသွား ကြရန်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

သိမ်းဆည်းခံ မြေများအား သက်ဆိုင်ရာ ကော်မတီ အသီးသီးက ပြန်လည် စိစစ်ရာတွင် အဆင်ပြေ ချောမွေ့မှု မရှိစေရန် အဟန့်အတားဖြစ်စေသော ၊ စွန့်လွှတ်ပြီး မြေများအား အပ်နှံ ပေးရန် အနှောင့်အယှက် ဖြစ်စေသော ၊ စွန့်လွှတ်ပြီး မြေများအား အပ်နှံပြီးသော်လည်း ယာယီလွဲှပြောင်း ပေးရန် အခက်အခဲ လုပ်နေသော ၊ အသုံးချ ပိုင်ခွင့် အမည်ပေါက် ရရှိစေရန် အကျပ်အတည်း ဖြစ်စေသော ၊ သက်ဆိုင်ရာ ဝန်ထမ်းများ ကိုလည်း လိုအပ် သလို အရေးယူ ကြရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံရသည့် လယ်ယာခြံမြေများအပေါ် နိုင်ငံတော်၏ မူဝါဒ နှင့် အညီ ပြန်လည် စွန့်လွှတ်ပေးကြရန် ၊ စွန့်လွှတ်ရန် မဖြစ်နိုင်သည့် သိမ်းဆည်းခံ လယ်ယာ ခြံမြေများ အတွက် လျော်ကြေး ၊ နစ်နာကြေး ပေးကြရန် ၊ စွန့်လွှတ်မြေ များကို အမြန်ဆုံး ပြန်လည် အပ်နှံ ပေးနိုင်ရေး ၊ အမည်ပေါက် ရရှိစေရေး တို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့အတူ ပြန်လည် စွန့်လွှတ်မြေ များအား မသက်ဆိုင်သူ လက်ဝယ်သို့ရောက်ရှိခြင်းမရှိစေဘဲ သက်ဆိုင်သူ တောင်သူများထံသို့သာ အမြန်ဆုံးရောက်ရှိစေရေး စိစစ်ပေးကြရန် ၊ စွန့်လွှတ်မြေ များပေါ်တွင် ကျူးကျော်များ ဝင်ရောက်နေမှုအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းပေးကြရန် ၊ နိုင်ငံတော် နှင့် အများပြည်သူ အကျိုးအတွက် သိမ်းဆည်း မြေများကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် အညီ မှန်ကန်စွာ စီမံ ခန့်ခွဲပေးကြရန် တို့ကို ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်များက လိုအပ်တာထက် အချိန်ဆွဲ ဖြေရှင်းခြင်း မပြုကြဘဲ အမြန်ဆုံးပြီးစီးအောင် အားသွန်ခွန်စိုက် စီမံ ခန့်ခွဲ ဆောင်ရွက် ပေးကြရန် အထူး လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံ ဖြစ်ပြီး နိုင်ငံ့ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လယ်ယာ ကဏ္ဍ နှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ဆောင်ရွက် နေကြရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.