Politics, Law & Military
အစိုးရဌာနများရှိ နေ့စားအလုပ်သမားများ လုပ်ခတိုးမြှင့်

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခတိုးမြှင့်သတ်မှတ်လိုက်ကြောင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၁၅ ခုနှစ်က အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို တစ်နေ့(၈)နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်ထားပေးခဲ့သော်လည်း ယခုနှစ် ဇွန်လမှ စတင်ပြီး တစ်နေ့(၈)နာရီအတွက် နေ့စားလုပ်ခကို ကျပ် ၄၈၀၀အဖြစ် တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီက မေ ၁၄ ရက်နေ့၌ မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေအဖြစ် တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်ခဲ့ပြီးနောက် အစိုးရ ဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများအား တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)