Connect with us

Politics, Law & Military

e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင်ရန် အချက်(၃)ချက်အား အထူးအလေးထား လိုက်နာရန် သမ္မတညွှန်ကြား

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်( သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင်ရန် အချက်(၃)ချက်အား အထူးအလေးထား လိုက်နာရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း “e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အချက်(၃)ချက်ဖြစ်သည့် “ကျွမ်းကျင်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု” တို့လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ “အဓိက ကျသည့် အချက် (၃)ချက်တွင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာန အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါ ကြောင်း” နာယက၏လမ်းညွှန်ခဲ့မှုအပေါ် အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြ ရန် လိုအပ်မည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန် ၂၇ ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.