Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ပထမ အကြိမ် ကြေညာမည်

၂၀၁၇ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူတစ်ဦး မဲပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများ နှင့် ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ် အဖြစ် ကပ်ထား ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင် များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်သော မဲစာရင်း ရရှိ နိုင်မည် ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် ကော်မရှင်မှ မေတ္တာ ရပ်ခံခဲ့သည်။

မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့် ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း ထည့်သွင်း ကြေညာခဲ့သည်။

လိုအပ်သော ပုံစံများကိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း ၊ ထိုသို့ ဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ အတွင်းတွင် နောက်ဆုံးအကြိမ် အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာမည်ဖြစ်ကြောင်း ၊ မဲဆန္ဒရှင်များ အနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် များတွင်ပါဝင်သည့် မြို့နယ်များ၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြုစုစိစစ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ကြားဖြတ် ရွေးကောက်ပွဲအား နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပ သွားမည် ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် (၁၃) နေရာ ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.