Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ အဖွဲ့ ဖွဲ့စည်းရာ၌ နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ဟု သူရ ဦးရွှေမန်းဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် အစိုးရ ဖွဲ့စည်းရာ၌ နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းက ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဆိုလျှင် NLD အနေဖြင့် ရာထူး၊ တာဝန်များကို နေရာမှန် ရွေးချယ်တတ်ရန် အထူး လိုအပ်ကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အနိုင် ရရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖွဲ့စည်းရာတွင်တို့ ၎င်းတို့ ပါတီကြီးမှ နေရာအကုန် မယူဘဲ အခြားပါတီ၊ တိုင်းရင်းသားများနှင့် အပြင်မှ ပညာရှင်များ ခေါ်ယူ ဖွဲ့စည်းမည် ဖြစ်သဖြင့် NLD အနေဖြင့် အောင်မြင်သော အစိုးရအဖွဲ့ဖြစ်လာမည်ဟု သုံးသပ်ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

လက်ရှိ အနိုင်ရ ပါတီဖြစ်သော NLD အနေဖြင့် ၎င်းကို အစိုးရသစ် လက်ထက်တွင် တာဝန်ယူပေးရန် ပြောကြားခြင်း မရှိသေးကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းအား ရာထူး တာဝန် တစ်ခုခုအတွက် ကမ်းလှမ်းထားမှု မရှိသေးဟု ၎င်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်မှာ ဉာဏ်အမြော်အမြင် ရှိပါတယ်၊ သူတို့ ကျွန်တော့ကို ကောင်းကောင်း အသုံးချနိုင်မှာပါ အဘကလည်း နိုင်ငံနဲ့ နိုင်ငံသားအတွက်ဆို ကောင်းကောင်း အသုံးချခံမှာပါ” ဟု သူရ ဦးရွှေမန်းက ဆိုသည်။

ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေသည် အာဏာ မရှိသော်လည်း အတော်အသင့် ဩဇာရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် သူရ ဦးရွှေမန်း ကိုယ်တိုင် စီစဉ်ပေးခဲ့ပြီး နိုင်ငံအတွက် အခြေနေကောင်း ရှိသဖြင့် တွေ့ဆုံပေးခြင်း ဖြစ်ကြောင်း ၎င်းက သတင်း မီဒီယာများသို့ ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.