Connect with us

Politics, Law & Military

ဒုတိယအကြိမ် ကျင်းပမည့် အမျိုးသား လွှတ်တော် ကျင်းပမည့်ရက် ရွှေ ့ဆိုင်းလိုက်သော်လည်း ပြည်သူ့ လွှတ်တော် ကျင်းပမည့်ရက် ယခုအချိန်ထိ အပြောင်းအလဲ မရှိသေး

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ အားတွေ့ရစဉ် (ဓာတ်ပုံ- အမျိုးသားလွှတ်တော် )

နေပြည်တော် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပမည့်ရက်အား ရွှေ့ဆိုင်း လိုက်သော်လည်း ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပမည့် နေ့ရက်အား မှုလ အစီအစဉ် အတိုင်း ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ယခုအချိန်ထိ အပြောင်းအလဲ မရှိသေးကြောင်း ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူတစ်ဦးက ယနေ့ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းအချိန်တွင် ဆင်ဟွာသို့ပြောသည်။

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးအား မှုလက ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော်၌ ကျင်းပရန် တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက် ယခု ပြန်လည် ပြင်ဆင်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြောင်းရွှေ ့ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းမှ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးအား မူလက ဖေဖော်ဝါရီလ ၁ ရက်တွင် စတင် ကျင်းပရန် ခေါ်ယူခဲ့ရာမှ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြောင်းလဲ ပြင်ဆင် ကြေညာထားသည်။ (Xinhua)