Connect with us

Politics, Law & Military

အမျိူးသား မြေဥပဒေ ပြဌာန်းရန် လိုအပ်ဟု ပြည်ထောင်စု လွှတ်တော် အထူးကော်မရှင် တင်ပြ

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် မြေယာ ပြသနာများ၊ အငြင်းပွားဖွယ် ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိရာ ၎င်းတို့ကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် ကောင်းမွန် မျှတသည့် အမျိုးသား မြေ ဥပဒေ ပြဌာန်းပေးရန် လိုအပ်သည်ဟု ပြည် ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

“မြေပိုင်ဆိုင်မှု၊ မြေသယံဇာတ အသုံးချမှုနှင့် မြေ စီမံခန့်ခွဲမှုတို့နှင့် စပ်လျဉ်း၍ ကမ္ဘာအဝန်းတွင် ပဋိပက္ခများစွာ ဖြစ်နေသကဲ့သို့မြန်မာနိုင်ငံတွင်လည်း မြေယာ ပြသနာများ ဖြစ်ပေါ်ပြီး အငြင်းပွားဖွယ် ဖြစ်စဉ် ဖြစ်ရပ် များစွာ ရှိနေပါသည်။ ၎င်းတို့ကို ထိရောက် ကောင်းမွန်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ ကောင်းမွန် မျှတသည့် အမျိုးသား မြေအသုံးချမှု မူဝါဒနှင့် အမျိုးသား မြေဥပဒေ ပေါ်ပေါက်ရေးပင် ဖြစ်ပါသည်။” ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ သန်းဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

“နိုင်ငံတော်ရဲ့ မြေ သယံဇတကို စဉ်ဆက် မပြတ် စီမံခန့်ခွဲ အသုံးပြုနိုင်ရေးအတွက် အမျိုးသား မြေ ဥပဒေကို ပြဌာန်းဖို့လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။အမျိုးသား မြေဥပဒေ ပြဌာန်းရေးအတွက် အမျိုးသား မြေ အသုံးချမှု မူဝါဒ (National Land Use Policy) ကို ပြန်လည် သုံးသပ် ရေးဆွဲနိုင်ရန် ကော်မရှင် ကိုယ်စား ၎င်းက တင်ပြခဲ့ခြင်း ဖြစ်သည်။၂၀၁၆ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် “ အမျိုးသား မြေအသုံးချမှု မူဝါဒ” ကို ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က အကြိမ်ကြိမ် လေ့လာ ဆန်းစစ်ပြီးမှ ယခုကဲ့သို့အကြံပြု တင်ပြလာခြင်း ဖြစ်သည်။

ထပ်မံ ဖြည့်စွက် ပြင်ဆင်သင့်သည်ဟု ကော်မရှင်က အကြံပြုချက်များတွင် အမျိုးသား မြေ အသုံးချမှု ကောင်စီ ဖွဲ့စည်းရာ၌ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များသာမက နေပြည်တော် ကောင်စီ ဥက္ကဋ္ဌကိုလည်း အဖွဲ့ဝင် အဖြစ် ထည့်သွင်းရန်လည်း ပါဝင်သည်။ထို့အပြင် လက်ရှိ ထုတ်ပြန်ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို သက်ဆိုင်ရာ လွှတ်တော် အဖွဲ့အစည်းများ၊ ပြည်ထောင်စု အဆင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ၊ ပညာရှင်များ၊ စိတ်ဝင်စားသူ ပြည်သူများ ပါဝင်သော ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ အချိန်ကာလ သတ်မှတ်၍ ဆောလျင်စွာ ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်း ပြည် ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က လွှတ်တော်သို့တင်ပြခဲ့သည်။ထိုသို့ ကော်မရှင်၏ တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် တင်ပြပါ အမျိုးသား မြေအသုံးချမှု မူဝါဒကို ကျင့်သုံး ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ (Xinhua)