Connect with us

Politics, Law & Military

၂၀၁၅ – ၁၆ အစိုးရ၏ ကြွေးမြီ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအား ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့ပြီး ထိုအစီရင်ခံစာအပေါ် ပြည် ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာ ကို လည်း လွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ မေလ ၂၆ ရက်နေ့တွင် တင်သွင်း ခဲ့သော အဆိုပါ အစီရင်ခံစာအရ ၂၀၁၆ မတ်လကုန်အထိ ပြည်ပ ကြွေးမြီ လက်ကျန် စုစု ပေါင်းမှာ ကမ္ဘာ့နိုင်ငံ ၁၅ ခုနှင့် အဖွဲ့အစည်း သုံးခုတို့မှ ချေးယူငွေ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၃ ဘီလျံ ( ဒေါ်လာ ၉၅၃၀ ဒသမ ၂၅၂ သန်း) ဖြစ်ပြီး ဝန်ကြီးဌာန ၂၀ ခု အပါအဝင် အဖွဲ့အစည်း ၂၂ ခုတို့က ရယူ သုံးစွဲခဲ့ကြောင်း၊ စွမ်းအင် ဝန်ကြီးဌာနက ၂ ဒသမ ၃၄၉ ဘီလျံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ ဒသမ ၂၁၆၉ ဘီလျံနှင့် စက်မှု ဝန်ကြီးဌာန့က ၁ ဒသမ ၇ ဘီလျံ တို့ဖြင့် အများဆုံး ရယူ သုံးစွဲခဲ့ကြောင်း သိရသည်။

ပြည်တွင်း ကြွေးမြီနှင့် ပတ်သက်ပြီး စုစုပေါင်း ကျပ် ၁၅၇၂၄ ဒသမ ၄ ဘီလျံ ရှိကြောင်း၊ ၂၀၁၅ – ၂၀၁၆ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအား အသားတင် ဖြည့်ဆည်းမှု ပမာဏမှာ ကျပ် ဘီလျံ ၃၂၃၇ ရှိကြောင်း၊ ထိုသို့ ဖြည့်ဆည်းရာတွင် ယခင်က ကဲ့သို့ နိုင်ငံတော် ဗဟိုဘဏ်မှ ချေးယူခြင်းကို အဓိကထား ဆောင်ရွက်ခဲ့မှုအား လျှော့ချရန်နှင့် ပြည်တွင်း ငွေကြေးဈေးကွက် ဖွံ့ဖြိုး တိုးတက် စေရန် အစိုးရ ငွေတိုက်လက်မှတ်များအား ဈေးပြိုင် စနစ်ဖြင့် ရောင်းချခြင်း၊ အစိုးရ ငွေတိုက် စာချုပ်များကို စနစ်သစ်ဖြင့် ရောင်းချခြင်းနည်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်းလည်း အစိုးရ အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအစီရင်ခံစာအပေါ် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၎င်း၏ လေ့လာတွေ့ရှိချက်ကို ဖော်ပြရာတွင် “၂၀၁၅ -၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ရယူခဲ့သော ပြည်တွင်းပြည်ပ ကြွေးမြီနှစ်ရပ်ပေါင်းမှာ ကျပ် ၅၇၆၈ ဒသမ ၂ ဘီလျံရှိကြောင်း၊ ပြီးခဲ့ ငါးနှစ်တာ (၂၀၁၁ – ၁၂ မှ ၂၀၁၅ – ၁၆) ကာလအတွင်း ပြည်တွင်း ပြည်ပ ကြွေးမြီ အခြေအနေများနှင့် နှိုင်းယှဉ်ပါက ငါးနှစ်အတွင်း ကြွေးမြီလက်ကျန်မှာ နှစ်စဉ် တိုးတက်လျက် ရှိကြောင်း၊ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၃၈ ဒသမ ၁ ရာခိုင်နှုန်း ရှိရာ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် CPIA (Country Policy and Institutional Assessment) Score အရ စံသတ်မှတ်ချက်ထက် အနည်းငယ် ပိုနေသည်ကို တွေ့ရကြောင်း၊ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်း ပြည်ပ အသားတင် ချေးယူရငွေ (ကျပ် ၄၀၀၅ ဒသမ ၂၁ ဘီလျံ)မှာ ပြီးခဲ့သည့် ငါးနှစ်အတွင်း အများဆုံး ဖြစ်နေကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ပြဌာန်းချက်အရ ချေးယူခွင့်ပြုထားသည်ထက် ကျပ် ၁၈၆၈ ဒသမ ၂ ဘီလျံ ပိုမို ချေးယူခဲံ့သည်ကိုတွေ့ရကြောင်းနှင့် နောင်တွင် တည်ဆဲ ဘဏ္ဍာရေး စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ကော်မတီက သဘောထား မှတ်ချက်ပေးခဲ့သည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငါးဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်က အစိုးရအဖွဲ့ အစီရင်ခံစာကို မှတ်တမ်းတင်ကာ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ တွေ့ရှိချက် သဘောထား အစီရင်ခံစာကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117