Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ နှင့် အထူးကိစ္စရပ်များ ကော်မရှင် အဖွဲ့ဝင်အချို့တာဝန် ပြောင်းလဲ

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တတိယပုံမှန်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူးးနှင့် အဖွဲ့ဝင် အချို့နှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့အား ရာထူး တာဝန်ပြောင်းလဲ သတ်မှတ်ခြင်း ကို ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

“ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ၁၀ -၂ – ၂၀၁၆ နေ့တွင် ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တတိယနေ့မှာ လွှတ်တော်ရဲ့ သဘောတူညီချက် ရယူ၍ အတည်ပြု ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်၊ အဆိုပါ ကော်မတီဝင်များအနက်မှ ဦးကျော်စိုးလင်း (ပြည်ကြီး တံခွန် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အား ကော်မတီရဲ့ တွဲဖက် အတွင်းရေးမှူး းအဖြစ် လည်းကောင်း၊ ယခင် တွဲဖက် အတွင်းရေးမှူးး ဥိးစတီဖန် (ကျိုင်း တုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) အား အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ဦးဉာဏ်လင်း (ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) အစား ဦးနေမျိုးထွန်း (ထန်းတပင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ကိုလည်းကောင်း ပြောင်းလဲ တာဝန်ပေးအပ်ထားပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော် သို့ကြေညာခဲ့ပြီး လွှတ်တော်၏ သဘောထားကို ရယူရာ လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူသဖြင့် ယနေ့အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်တို့အား ရာထူး တာဝန်ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး လွှတ်တော် နာယက က “အဖွဲ့ဝင် ၃၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ၅ – ၂၀၁၆ နေ့တွင် အဖွဲ့ဝင် လေးဦၤး အစားထိုးခြင်း တစ်ကြိမ်၊ ၃ – ၅- ၂၀၁၆ နေ့တွင် အဖွဲ့ဝင် တစ်ဦး နုတ်ထွက်ခြင်း တစ်ကြိမ်၊ ၉ – ၅ – ၂၀၁၆ နေ့တွင် အဖွဲ့ဝင် ငါးဦး ခန့်အပ်ခြင်း တစ်ကြိမ်၊ ၁၈ – ၅ – ၂၀၁၆ နေ့တွင် အဖွဲ့ဝင် တစ်ဦး နုတ်ထွက်ခြင်း တစ်ကြိမ်၊ ၈ – ၇ – ၂၀၁၆ နေ့တွင် အဖွဲ့ဝင် တစ်ဦး နုတ်ထွက်ခြင်း တစ်ကြိမ် ပြင်ဆင်ခဲ့ပါတယ်၊ ယခုအခါ ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဒေါက်တာ ဦးအောင်ခင် (ပြင်ဦးလွင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ)်အား ဖြည့်စွက်၍ လည်းကောင်း၊ ဒုတိယ ဥက္ကဌ (၁) တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးကိုကိုနိုင်အား အဖွဲ့ဝင် အဖြစ် ပြင်ဆင်၍ လည်းကောင်း တာဝန်ပေးအပ်ခြင်းနဲ့ကော်မရှင်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များကို ပြင်ဆင် သတ်မှတ်ခြင်း တို့ကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့့်ဝေပေးထားပါတယ်” ဟု ပြောကြားအပြိး ပြည်ထောင်စု လွှတ်တော်၏သဘောထား ကို ရယူကာ အတည်ပြုခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117