Connect with us

Politics, Law & Military

အရေးပေါ် ရန်ပုံငွေမှ ကျပ် ၉,၀၉၅ ဒသမ ၂၆၁ သန်း ခွဲဝေသုံးစွဲခြင်းကို လွှတ်တော် မှတ်တမ်းတင်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၆ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၉,၀၉၅ ဒသမ ၂၆၁ သန်း ခွဲေ၀ သုံးစွဲခဲ့ခြင်းအား ပြည်ထောင်စု လွှတ်တော်က အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီး ဌာနတို့က ခွဲဝေသုံးစွဲခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ သုံးစွဲခဲ့ရခြင်းအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၃၁၈.၀၆၆ သန်း သုံးစွဲခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများအား စစ်ဆေးရေး ဘုတ်အဖွဲ့ များဖြင့် စနစ်တကျ စစ်ဆေးခဲ့ပြီး ပျက်စီးမှုများ ပြန်လည် ပြု ပြင်ရန် အတွက် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနှင့် စစ်ထောက်ချုပ်ရုံးတို့မှ ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက် ခဲ့ရာ ခန့်မှန်း ကျပ် ၃၁၈.၀၆၆ ကုန်ကျမှာ ဖြစ်ပါတယ်” ဟု တင်ပြခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်ခဲ့ သော သဘာဝဘေးဒဏ် လေပြင်းတိုက်၊ မိုးသည်းထန်မှုများကြောင့် နေပြည် တော်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ် ဌာနချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကမ်းရိုတန်းတိုင်း ဒေသတိုင်း စစ်ဌာန ချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အနောက်မြောက် တိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် လွိုင်ကော်နှင့် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃ ခုတွင် အဆောက်အဦ ၁၂၄ လုံးနှင့် ဆက်စပ်လုပ်ငန်း ၃၀ ခု ပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ် ရန်ပုံငွေမှ ခွဲဝေသုံးစွဲခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

စိုက်-မွေး-ဆည် ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးလှကျော်ကလည်း ၂၀၁၈ခုနှစ်၊ ဩဂုတ်လလယ် အထိ မိုးသည်းထည်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်း အပါ အဝင် သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင် စိုက်ပျိုးထားသော သီးနှံဧက ၃၈၀,၀၈၀ ဧက ပျက်စီးခဲ့ရပြီး သီးနှံပျက်စီးမှုများအတွက် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ သီးနှံများ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် အရေးပေါ်ရံပုံငွေမှ ထောက်ပံ့ပေးနိုင်ရေးအတွက် သီးနှံအလိုက် ထောက်ပံ့ပေးသော နှုန်းထားများအရ စိစစ်၊ တွက်ချက် ဆောင်ရွက်ခဲ့ရာမှာ ကျပ် ၇၃၃၀ဒဿမ ၇၀၅သန်း ရှိခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက အရေးပေါ်ရံပုံငွေမှ ခွင့်ပြုငွေကျပ် ၅၈၇ဒဿမ ၄၃၇ သန်းဖြင့် အမှတ် ၁၊ ၂၊ ၃၊ ၄ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲများတွင် နယ်စပ်ဒေသ လုံခြုံရေး အခြေအနေအရ ထရန်စဖော်မာများ တပ်ဆင်ခြင်း၊ အုပ်ချုပ်မှုနှင့် လူနေအဆောက်အအုံများတွင် လျှပ်စစ်မီးများ သွယ်တန်းခြင်း စသည့် လုပ်ငန်းများမှာ အသုံးပြု သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း ဖြင့် ရခိုင်ပြည်နယ်နယ်စပ်အခြေအနေများ ပိုမို ကောင်းမွန်၊ စိတ်ချစွာဖြင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်မည့် အကျိုးရလဒ်များ ရရှိနိုင်မှာဖြစ်တဲ့အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့သည်။(Xinhua)