Connect with us

Politics, Law & Military

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစိုးရ အသုံးစရိတ် ကျပ်ဘီလီယံ ၄၇၀ လျှော့ချရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ အသုံးစရိတ်ငွေထဲမှ ကျပ်ဘီလီယံ ၄၇၀ လျှော့ချရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

အစိုးရသစ်၏ ယခုနှစ်ဘတ်ဂျက်အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၂၀,၀၀၀ ကျော်ထဲမှ ကျပ် ဘီလီယံ ၄၇၀ ခန့်ကို ပြည်ထောင် စုလွှတ်တော်က လျှော့ချရန် သြဂုတ်လ ၂၃ရက်နေ့က အတည်ပြုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း ကပြောသည်။
ပြည်ထောင်စုလွှတ်တော်သည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဘတ်ဂျက် လျှော့ချဖြတ် တောက်ရာတွင် အတည်ပြုဖြတ်တောက်မှု မပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဘတ်ဂျက်ဖြတ်တောက်ခံရသည့် ဝန်ကြီးဌာနများတွင် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနတို့သည် ကျပ်ဘီလီယံ ၁၀၀ ခန့်ထိ ဖြတ်တောက်လျှော့ချခံခဲ့ရသည်။
လွှတ်တော်သို့တင်ပြထားသည့် အစိုးရသစ်၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရသည် ရငွေကျပ် ဘီလီယံ ၁၆,၉၇၈ ဒသမ ၉၉၁ ရှိကာ သုံးငွေသည် ကျပ်ဘီလီယံ ၂၀,၇၃၆ ဒသမ ၄၉၉ ဖြစ်သော ကြောင့် လိုငွေသည် ကျပ်ဘီလီယံ ၃,၇၅၇ ဒသမ ၅၀၈ ဖြစ်နေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.