Politics, Law & Military
၂၀၁၈ခုနှစ်တွင် တရားမဝင်ဆေးဝါးများရောင်းချသူများအား ထိရောက်စွာ အရေးယူမည်

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး တရားမဝင်ဆေးရောင်းချသူများအား ထိရောက်စွာ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ တရားမဝင်ဆေးများရောင်းချမှုအား အပိုင်းနှစ်ပိုင်းဖြင့် အရေးယူမည်ဖြစ်ပြီး ပထမတစ်ပိုင်းသည် ရောင်းချသူများ၏ ပစ္စည်းများ သိမ်းခြင်း၊ ခံဝန်ချက် လက်မှတ်ထိုးခြင်း ဆိုင်ကို သုံးလ၊ခြောက်လနှင့် တစ်နှစ်ပိတ်ခြင်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ ဒုတိယ အရေးယူမှုအပိုင်းသည် တရားမဝင် ဆေးရောင်းချမှုကို ထပ်မံပြုလုပ်ပါက တရားရုံးတင် တရားစွဲမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း တရားမဝင်ဆေးရောင်းချမှု ၉၉ မှုကို ရုံးတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။(Xinhua)