Connect with us

Politics, Law & Military

ပေါင်းတည်မြို့အတွင်း အမှိုက်ပုံ၌ ၉ မမကျည် များတွေ့ရှိ

၉ မမကျည် များအား တွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ပေါင်းတည်မြို့အတွင်း အမှိုက်ပုံ၌ ၉ မမကျည်များတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နေ မသဲစုလှိုင်သည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီတွင် နွယ်ချိုအမှတ်(၂)ရပ်ကွက်၊ အမှတ်(၂၁)လမ်းရှိ စည်ပင်အမှိုက်ပုံ၌ ပလတ်စတစ်နှင့် ကော်ဘူးများကောက်ယူစဉ် အဝါရောင်ကတ်ထူဘူးတစ်ဘူးအား တွေ့ရှိသဖြင့် ပီနံအိတ်အတွင်းသို့ ထည့်ယူသယ်ဆောင်လာပြီး နေအိမ်သို့အရောက်တွင် ကောက်ယူထားသောပစ္စည်းများ စစ်ဆေးကြည့်ရှုရာ အဆိုပါစက္ကူဘူးအတွင်းမှ ၉ မမကျည် ၄၉ တောင့်ကိုတွေ့ရှိခဲ့ကြောင်း၊အဆိုပါကျည်များအား ပေါင်းတည်မြို့ရှိ နယ်မြေရဲစခန်းမှတစ်ဆင့် နယ်မြေခံတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.