Politics, Law & Military
မြန်မာနိုင်ငံတွင် မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သော စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး နို၀င်ဘာလတွင် စတင်ရောင်းချမည်
ရန်ကုန်၊ နို၀င်ဘာ ၁၉ ရက် (ဆင်ဟွာ)
မြန်မာ့တူရိယာများ တစုတစည်းတည်းပါဝင်သော ၂၀၀ ကျပ်တန် (၆) လုံးပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို နို၀င်ဘာ ၂၀ ရက်တွင် မြန်မာ့စာတိုက်လုပ်ငန်းက စတင်ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ ထိုကဲ့သို့ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တံဆိပ်ခေါင်းများ ရောင်းချပေးမှုကို လာမည့် နိုဝင်ဘာလ (၂၀) ရက်၊ နံနက် ၉နာရီခွဲ မှစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ယင်းနေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
