Connect with us

Politics, Law & Military

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား (၁၃/၁၀/၂၀၂၄ -MOI )

-ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်
(၁၄/၁၀/၂၀၂၄ -MOI )

-(၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၇)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကျင်းပ (၁၄/၁၀/၂၀၂၄ -MRTV )

-နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီး ၁ ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ (၁၄/၁၀/၂၀၂၄ -MRTV )

-ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR ၏ အကြီးအကဲ Mr.Karmal Kishore ထံမှ ပေးပို့သည့် သဝဏ်လွှာ (၁၄/၁၀/၂၀၂၄ -MOI )

-မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် တရုတ်-အာဆီယံ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်များ (၄) ကြိမ်မြောက် စုံညီအစည်းအဝေးသို့ တက်ရောက် (၁၄/၁၀/၂၀၂၄ -MRTV )
-အာဆီယံ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ ကြည့်ရှုလေ့လာ (၁၄/၁၀/၂၀၂၄ -MRTV )

-နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်း၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရေမျောနေအိမ်တစ်အိမ်လျှင် (၂,၃၅၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အနေဖြင့် စုစုပေါင်း အိမ်ခြေ (၂၂၂) အိမ်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ် (၁၄/၁၀/၂၀၂၄ -MRTV )

-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ထိန်းသိမ်းထားသော ပေါင်းလောင်းရေလှောင်တမံနှင့် ရေထိန်းတမံများ၏ ကြံ့ခိုင်မှု အခြေအနေများ ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိပါကြောင်း ထုတ်ပြန် (၁၄/၁၀/၂၀၂၄ -MRTV )