Connect with us

Economy

အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ လုပ်ငန်းစဉ်များအား အာဆီယံ ဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးခဲ့

နေပြည်တော်တွင် ကျင်းပသောအာဆီယံခရီးသွားလုပ်ငန်းများဖိုရမ်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်တွင် ကျင်းပသောအာဆီယံခရီးသွားလုပ်ငန်းများဖိုရမ်တွင် သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်အလွန် အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာ၂၀၁၆-၂၀၂၅ ရေးဆွဲရေး လုပ်ငန်းစဉ် များအား ၁၈ ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “အာဆီယံခရီးသွား လုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် အကောင်အထည် ဖော်ရေး အတွက် ဒေသဆိုင်ရာ အတွင်းရေးမှုးရုံး တည်ထောင်ရန် ညှိနှိုင်းဆောင်ရွက်နေပြီး မကြာမီ သဘောတူစာချုပ် လက်မှတ် ရေးထိုး နိုင်တော့မည်” ဟု ဆင်ဟွာသို့ပြောသည်။

အစည်းအဝေး ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှုးချုပ် Dr. Taleb Rifai နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ၏ ဥက္ကဌ ဖြစ်သူ Mr. David Scowsill တို့နှင့် သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် အာရှပစိဖိတ်ဒေသသည် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အာဆီယံဒေသ အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသည် ၉၉.၂ သန်း ရောက်ရှိခဲ့သဖြင့် တိုးတက်မှု ၁၁.၇၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အာဆီယံနိုင်ငံ အချင်းချင်း လာရောက် လည်ပတ်မှုမှာ ၄၅.၆ သန်းရှိခဲ့သဖြင့် စုစုပေါင်းခရီးသည် ရောက်ရှိမှု၏ ၄၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်းသိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က “ ၂၀၁၆ ကနေ ၂၀၂၅ အထိ အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာကို ချမှတ်ထားခြင်းမှာ ရေရှည် တိုးတက်အောင် အဆင့် ဆင့် ဆောင်ရွက်သွားစရာများ ရှိတဲ့ အတွက်ပါ” ဟုပြောသည်။ (Xinhua)