Politics, Law & Military
NLD ၏ အောင်နိုင်ရေးသည် နိုင်ငံ့ အောင်နိုင်ရေး ဖြစ်စေလိုကြောင်း ပါတီ ဥက္ကဋ္ဌ ပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ အောင်လံတော် ခိုင်မြဲရေး၊ အောင်နိုင်ရေးသည် နိုင်ငံတော်၏ အောင်နိုင်ရေးပင် ဖြစ်စေလိုသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
“ဒီနေ့ဆိုလို့ရှိရင်ကျွန်မတို့ရဲ့ အောင်နိုင်ရေး စပါပြီ၊ အောင်နိုင်ရေး ဆိုတာဟာ နိုင်ငံ့အတွက် အောင်နိုင်ရေးပဲ ဖြစ်စေချင်ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခရီးစဉ်တစ်လျှောက်မှာ အောင်လံမလဲနိုင်အောင် ကူညီမစခဲ့ကြတဲ့ ပြည်သူလူထုအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ အောင်လံ ခိုင်ဖို့ ဆိုတာဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ သာယာဝပြောရေး ခိုင်မာဖို့ ဖြစ်ပါတယ် ဆိုတာလည်း ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ခြုံငုံပြောရမယ်ဆိုလို့ ရှိရင် အောင်လံခိုင်ဖို့ မဲပေးစို့ ဒီမိုကရေစီ မှန်ကန်ရေး NLD ကို ဒို့မဲပေး.. ကျေးဇူးတင်ပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအောင်လံတော် လွှင့်ထူခြင်း အခမ်းအနားကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ယာယီဌာနချုပ် (ရုံးခွဲ)၌ ယနေ့ နံနက်၈ း ၀၀ နာရီတွင် ပြုလုပ်ခဲ့ရာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး အောင်နိုင်ရေး အလံတော်ကို လွှင့်တင်ပေးခဲ့သည်။ (Xinhua)