Politics, Law & Military
မောင်တောမြို့နယ်အတွင်း ငါးရက်အတွင်း သက်သေခံကတ်ပြား NV Card ၈၃ဦး စိစစ်ထုတ်ပေး

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၁၂မှ ၁၇ ရက်အတွင်း သက်သေခံကတ်ပြား NV Card ၈၃ဦး စိစစ်ထုတ်ပေးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မောင်တောမြို့နယ်အတွင်းရှိ ရွှေဇားမြောက်ရွာ၊ ရွှေဇားအနောက်ရွာနှင့် ရွှေဇား အလယ်ရွာတို့မှ လူဦးရေ ၂၆၀၀ ကျော်အား NVC ကတ်များ ထုတ်ပေးနိုင်ရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် အဖွဲ့များခွဲ၍ ကျေးရွာသား များအား လက်ဗွေနှင့် မျက်လုံးတို့ကို စစ်ဆေးမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့ရာ NVC ကတ်ထုတ်ပေးမှုသည် အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ၂၇ ဦး၊ စုစုပေါင်း ၈၃ ဦးနှင့် NID အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၃၄ ဦး ၊ စုစုပေါင်း ၁၀၀ ဦး သို့ NVC ကတ် စိစစ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်နှင့် NID (Biometric) လုပ်ငန်းများကို ဆက်လက်ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။မောင်တောဒေသအတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ် များတွင် ပါဝင်သည့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card- NVC) များ ထုတ်ပေးနိုင်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာမှ ပြည်နယ်ဦးစီးမှူး ဦးစီး၍ အောက်တိုဘာ ၁၂ ရက် မှစပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။(Xinhua)