Connect with us

Politics, Law & Military

နေပြည်တော်၌ ကျည်ဆံ ၄၀ တောင့် တွေ့ရှိ

သိမ်းဆည်းရမိသော ကျည်တောင့်များအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်တဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ ဇမ္မူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက် ထိုက်သူပန် ပျိုးဥယျာဉ်အနီး ပလက်ဖောင်းဘေးမြက်ခင်း၌ ကျည်ဆံ ၄၀ တောင့် တွေ့ရှိကြောင်း ပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စည်ပင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက သန့်ရှင်းရေးဆောင်ရွက်စဉ် အောက်တိုဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသော ၉ မမ ကျည်(၃၇) တောင့်၊ ၅.၅၆ ကျည်(၂)တောင့်၊ ပွိုင့်(၂၂)ကျည် (၁)တောင့်တွေ့ရှိသဖြင့် မြို့မရဲစခန်းထံ လာရောက်အပ်နှံသွားကြောင်း သိရသည်။

အဆိုပါ ကျည်တောင့်များအား စစ်လက်နက်ခဲယမ်း ပစ္စည်းတပ်သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.