Connect with us

Politics, Law & Military

နှစ်လဲယာဉ်စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ၂၀၁၈ ဇန်နဝါရီလ၌ ပြောင်းလဲကျင့်သုံးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော မော်တော်ယာဉ်များအားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ရုံးများတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်း ပိုင်းမှ စတင်၍ နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းကို Online Booking စနစ်ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နှစ်လဲယာဉ်စစ်ဆေး ခြင်းနှင့် မှတ်ပုံတင်ခြင်းများ လွယ်ကူမြန်ဆန်စေရန်နှင့် လုပ်ငန်း လာရောက်ဆောင်ရွက်သူများ သက်သာ အဆင်ပြေစေရန်ရည်ရွယ်၍ နှစ်လဲယာဉ် စစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ Online Booking စနစ်ဖြင့် စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ Online Booking အား နှစ်လဲမှတ်ပုံတင် မော်တော်ယာဉ်များ အတွက်သာ စတင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး နယ်ဝင် ယာဉ်များ၊ စက်ပြောင်း၊ဆေးရောင်ပြောင်း၊ အမည်ပြောင်းစစ်ဆေးခံမည့်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များသည် Online Bookingရယူရန်မလိုဘဲ ယခင်အတိုင်းသာဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိရုံးငါးရုံး၌ နှစ်လဲယာဉ်စစ်ဆေးခြင်းကို Online Booking စနစ်ဖြင့် ရက်ချိန်း

ရယူလိုသူများသည်www.rtad.gov.mm website တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ကြိုတင်စာရင်းသွင်း နိုင်မည်ဖြစ်ပြီး နှစ်လဲမှတ်ပုံတင်ယာဉ် စစ်ဆေးရက်ချိန်းရယူရန် အနည်းဆုံးသုံးရက်မှ အများဆုံး ရက် ၃၀ အထိကြိုတင်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Booking စနစ်ကို ရုံးဖွင့်ရက်များတွင် နံနက်၊ ညနေ နှစ်ပိုင်း ခွဲ၍ ရန်ကုန်တိုင်းဒေသကြီး ခရိုင်ရုံး လေးရုံးနှင့် တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)ရုံးများ၌ သတ်မှတ်ယာဉ်စီးရေအလိုက် လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ Online Booking ရယူရန် အခက်အခဲရှိသူများ နှစ်လဲ သက်တမ်းတိုးဆောင် ရွက်ရာတွင် အဆင်ပြေစေရေးအတွက် လတစ်လ၏ နောက်ဆုံးရုံးဖွင့်ရက် နှစ်ရက်ကို Online Booking ရက်ချိန်းရယူရန် မလိုဘဲဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။၂၀၁၇ ခုနှစ် နိုဝင်ဘာလစာရင်းများအရ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထား သည့် မော်တော်ယာဉ် ၉၉၉၁၀၁ စီး ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၌အစီး ၅၃၂၃၁၀ ရှိရာ တစ်နိုင်ငံလုံးမော်တော်ယာဉ်စီးရေ၏ (၅၃ ဒသမ ၂၈ ရာခိုင်နှုန်း)မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.