Connect with us

Politics, Law & Military

မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၈ ဦး ပြန်လည်ရောက်ရှိ

မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့တွင် ပြန်လည်ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဒီဇင်ဘာလ ၂၃ ရက်နေ့ ၀၉း၀၀နာရီ မှ ၁၈း၀၀နာရီ အချိန်ထိ မြဝတီမြို့ နှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၈ ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ၁၄၆ ဦး(ကျား ၁၂၀၊ မ ၄၆)၊ ကော့သောင်းမြို့၊ မြို့မတံတားမှ ၅၂ ဦး(ကျား ၃၈၊ မ ၁၄)၊ ပေါင်း ၁၉၈ ဦး(ကျား ၁၅၈၊ မ ၄၀)တို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။၎င်းတို့အား စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် ၎င်း ရွှေ့ပြောင်းအလုပ်သမားများသည် နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)