ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၃ဦး သေဆုံးခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဋိပက္ခ ဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပြီး ပဋိပက္ခပျံ့နှံ့မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ အထူးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ညစ်ညမ်းစပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးက ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ( ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မတ်လ ကုန် အထိ) အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလျံ ၄၅၇၃ ဒသမ ၉၀၄ ဖြစ်ပြီး...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပျက်ကျ Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် NCA စာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U )၏ (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်ငန်းစဉ်များ အခြေများကိုလည်းဆွေးနွေး မည်ဖြစ်ကြောင်း ယင်းအစည်းအဝေးထံမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ၊ မောင်တော ဒေသ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ၉ လ အတွင်း အပြစ်မဲ့ ပြည်သူ သေဆုံးမှုအား လအလိုက် နှိုင်းယှဉ် ဖော်ပြချက် အရ ယခု ၂၀၁၇ ခုနှစ်...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထား ခြင်းအတွက် နှုန်းထားပြင်ဆင်သတ်မှတ်ချက်များကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေအနေ နှင့် စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ ယင်းအခြေအနေများတွင် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ၊ နှစ်ဖက်အသိုင်းအဝိုင်းများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများ ပါဝင်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ၏ ဇူလိုင်လ...