Connect with us

Politics, Law & Military

မောင်တောဒေသတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့

ဒေသခံတိုင်းရင်းသား ပြည်သူများ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့စဉ် (ဓာတ်ပုံ-- Information committee)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း ၄၇ ထဲတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။ထိုသို့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရခိုင် တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များအပြင် ဟိန္ဒူဘာသာဝင်များ၊ ဒိုင်းနက်လူမျိုးများ၊ မြိုလူမျိုးများ အပါအဝင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ရပြီး ဒေသခံ တိုင်းရင်းသားပြည်သူများသည် နေရာဒေသအများအပြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အနက်တစ်ချို့သည် ယခုအခါ၎င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိ ကြောင်း၊လုံခြုံရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ရှိလာသည့်အတွက် ကြိမ်ချောင်း ကယ်ဆယ်ရေးစခန်း၊ တောင်ပြိုလက်ဝဲ ကယ်ဆယ်ရေးစခန်း၊ ငါးကျည် တောက်ရွာ ကယ်ဆယ်ရေးစခန်း၊ အင်းဒင်ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ဝါးခုတ်ချောင်း တပ်နယ်ရှိ နယ်မြေခံတပ်ရင်းတို့တွင် ခေတ္တပြောင်းရွှေ့ရောက်ရှိနေသည့် ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၁၄၇၂ ဦး တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်း လုံခြုံရေးလိုက်ပါလျက် ၎င်းတို့၏ မူလ နေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အစွန်းရောက် အကြမ်းဖက်သမား ၆ ဦး သည် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ဓား၊ လေးခွများ ကိုင်ဆောင်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ၎င်းကျေးရွာနေ နူရ်ဟာဆောင်း၏ သားဖြစ်သူ အာလီခါန်းအား ဖမ်းဆီးခေါ်ဆောင်သဖြင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသော ကျေးရွာသားများက ARSA အစွန်းရောက် အကြမ်းဖက်သမားများအား လက်ခံမှုမရှိဘဲ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၆ ဦးအား ဥပဒေလုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မသကာၤသူတစ်ဦးအား ထပ်မံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)