Connect with us

Politics, Law & Military

မောင်တောင်မြို့တွင်းရှိ လုံခြုံရေးကင်းစခန်း ၃ခုမီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခံထားရသော လုံခြုံရေးကင်းစခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ် အတွင်းရှိ မီးတိုက်ချောင်း၀ ကင်းစခန်း၊ နံ့သာတောင် ချောင်းဝကင်းစခန်းနှင့် သင်္ဘောလှ ချောင်းဝကင်းစခန်းတို့အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်ကို လုံခြုံရေးတပ်ဖွဲ့ရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် တွေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် တုံးချောင်း ချောင်းဝကင်းစခန်းသို့ ရောက်ရှိပြီး စခန်းပတ်လည်အား ရှင်းလင်းရာ ကင်းစခန်းနှင့် မီတာ ၁၀၀ အကွာရှိ လောင်းလှေတစ်စီးအပေါ်၌ ရီမုမိုင်း ၂ လုံးနှင့် မျက်နှာဖုံးစွပ်ပါ အနက်ရောင်ဝတ်စုံတစ်စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်မှစ၍ မောင်တောဒေသအတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်း အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.